လိပ်သိုဒေသ၌ ကွမ်းကြမ်းများ အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့် ကွမ်းစိုက်ပျိုးသူ ဒေသခံတောင်သူများ အဆင်ပြေ

လိပ်သို  ဒီဇင်ဘာ 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသတွင် ဒေသထွက်ကုန်ဖြစ်သော တောင်ပေါ် ကွမ်းကြမ်းများ အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့်  ကွမ်းစိုက်ပျိုးသူ ဒေသခ ံတောင်သူများက လိပ်သို-သံတောင်ကြီး-တောင်ငူ-ကျောင်းကုန်းကျေးရွာ လမ်းဆုံတွင် ကွမ်းကြမ်းများ လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကွမ်းကြမ်းများကို ကွမ်းရောင်းဝယ်သူများမှ ‌မော်တော်ဆိုင်ကယ်များဖြင် လာရောက်ဝယ်ယူကြပြီး တောင်ငူ-ရေတာရှည်-အုတ်တွင်း-ထန်းတပင်မြို့နယ်များသို့ ဆက်လက်ဖြန့်ချိ ရောင်းချလျက်ရှိကြောင်း သိရသည်။ ဒေသထွက် ကွမ်းကြမ်းများကို  ကွမ်းရောင်းဝယ်သူများက ဈေးကွက်လိုအပ်ချက်ရှိချိန်တွင် ကွမ်းစိုက်ပျိုးသူတောင်သူများ နှင့် တိုက်ရိုက်ချိတ်ဆက်၍ ဆွတ်ခူးစေပြီး လိပ်သိုမြို့တွင် အရောင်းအဝယ်ပြုလုပ်မည့် နေရာသို့ ချိန်းဆိုရောင်းဝယ်လျက်ရှိကြောင်း သိရသည်။

လိပ်သိုဒေသရှိ ငပိုးကြီး၊ ဒေဒါခို၊ လေလော်ဒေး၊ အီးအယ်၊ ဟယ်ဒိုး၊ မိုင်းလွန် စသည့်  တောင်ပေါ်ဒေသကျေးရွာများမှ တောင်ပေါ်ဒေသထွက်ကွမ်းကြမ်းများသည် ယခုကာလ တွင် ကွမ်းကြမ်းအထုပ် ၄၀ ပါ အချိန်တစ်ဆယ်လျှင် (၁၆၀၀ဝိ/-) ကျပ်မှ (၂၀၀၀ဝိ/-) ကျပ်အထိ ဈေးရရှိပြီး နွေရာသီကွမ်းရွက်ရှားပါးချိန်တွင် ဈေးကောင်းရရှိကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)