ပိုင်ကျုံမြို့ အမှတ် (၅) ရပ်ကွက်၌ စည်ပင်သာယာရေးအဖွဲ့၏ ဖြည့်စွက်ရန်ပုံငွေဖြင့် မြေသားရေမြောင်း ဖောက်လုပ်မည်

ပိုင်ကျုံ   ဒီဇင်ဘာ 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်းများ၊ တံတားများ တည်ဆောက်ပေးလျက်ရှိသည့်အပြင် မြို့သာယာလှပ‌ရေးအတွက် Flower Box များနှင့် အုတ်စီရေမြောင်းများ တည်ဆောက်ပေးခဲ့သည်။

ပိုင်ကျုံမြို့ အမှတ်()ရပ်ကွက်နှင့် အမှတ်()ရပ်ကွက် ဆက်သွယ်ထားသည့် လမ်းမကြီး၏ လမ်းဘေးဝဲ/ယာအား  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း   ကရင်ပြည်နယ်အစိုးရအဖွဲ့၏   ဖြည့်စွက်ခွင့်ပြုရန်ပုံငွေကျပ် (၁၃၂) သိန်းဖြင့် အရှည်(၁၃၀၂၀)ပေ အကျယ်()ပေ အမြင့်()ပေရှိမြေသားရေမြောင်းတူးဖော်ခြင်း လုပ်ငန်းကို ဒီဇင်ဘာလ ဒုတိယပတ်အတွင်း    စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းများ သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရသည်။

အဆိုပါ လုပ်ငန်းများပြီးစီးဖြစ်ပါက ပိုင်ကျုံမြို့အမှတ် (ရပ်ကွက်နှင့် အမှတ်()ရပ်ကွက်တွင် မိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်လာမည့်အပြင် လမ်းမကြီးလည်း ရေတိုက်စားမှုမှ ကာကွယ်နိုင်မည်ဖြစ်ပြီး ခရီးသွားပြည်သူများအနေဖြင့် အဆင်ပြေလွယ်ကူစွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

နော်ခူး (ပြန်/ဆက်)