ညောင်လေးပင်မြို့နယ်တွင် DC Surface Solar Pump စက်အား ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ညောင်လေးပင် ဒီဇင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က DC Surface Solar Pump စက်ပေးအပ်ပွဲ အခမ်းအနားကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပေးအပ်သော ဆိုလာစနစ်သုံးရေစုပ်စက် (Solar Power - 450 W)၊ မြင်းကောင်ရေ (၂)ကောင်အား ၃လက်မ ပန့် နှင့် ဆက်စပ်ပစ္စည်းများအား ညောင်လေးပင်ခရိုင်အုပ်ချုပ်ရေးမှူးမှ ညောင်လေးပင်မြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ကျောက်တံခါးမြို့နယ်၊ ရွှေကျင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်တို့အား တစ်မြို့နယ်လျှင် စက်တစ်လုံးနှင့်ဆက်စပ်ပစ္စည်း အပြည့်အစုံအား ခွဲဝေပေးအပ်ရာ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

ယင်း DC Surface Solar Pump စက်ပေးအပ်ပွဲအခမ်းအနားသို့ ညောင်လေးပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ညောင်လေးပင်ခရိုင်အတွင်းရှိ မြို့နယ်(၅)မြို့နယ်မှ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)