ရေတာရှည်မြို့နယ်တွင်  အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်စက်ပြင်သင်တန်း (၂/၂၀၂၂)ဖွင့်လှစ်

ရေတာရှည် ဒီဇင်ဘာ ၂

ပဲခူးတိုင်း​ဒေသကြီး၊ ​တောင်ငူခရိုင်၊ ​​ရေတာရှည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုဆိုင်ကယ်စက်ပြင်သင်တန်း (/၂၀၂၂) ဖွင့်ပွဲကို ယမန်နေ့တွင် ဆွာမင်းလမ်းကျေးရွာအုပ်စု၊ တံတားကြီးကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရေတာရှည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးရန်နိုင်ညွန့်မှ အသက်မွေးဝမ်းကြောင်းသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍  ရှင်းလင်းပြောကြားခဲ့ပြီး သင်​ထောက်ကူပစ္စည်းများ​ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းကို ကျေးလက်နေ ပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်၍  ဖွင့်လှစ်ခဲ့ပြီး မြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား ၂၀ ဦး တက်ရောက်လျက်ရှိ​​ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ရေတာရှည်(ပြန်/ဆက်)