ကျောက်ကြီး ဒီဇင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ မြို့ပေါ်ရပ်ကွက်များသို့ တိုက်ပွဲရှောင်လာရောက် နေထိုင်သူများအား ယနေ့ နံနက် ၁၀ နာရီအချိန်က စတင်၍ သိမ်တန်းရပ်ကွက် ၊ကသစ်ဝိုင် ဓမ္မရိပ်သာ ဓမ္မာရုံနှင့် ပဲခူးရပ်ကွက်မြို့တွင်း ဘုန်းတော်ကြီးကျောင်း မိုးကုတ်ဓမ္မရိပ်သာဓမ္မာရုံတို့တွင် စုရပ်ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်မှုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ မြို့ပေါ်ရပ်ကွက်များသို့ တိုက်ပွဲရှောင် လာရောက်တည်းခို နေထိုင်ကြသည့် ဒေသခံပြည်သူများအား ဆီချို၊ သွေးချိုရောဂါ စစ်ဆေးပေးခြင်း၊ သွေးတိုးရောဂါ၊ အဖျားရောဂါများ စစ်ဆေးကုသပေးခြင်း၊ ငှက်ဖျားပိုးစစ်ဆေးပေးခြင်းနှင့် အထွေထွေရောဂါများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးကြသည်။
ယခုကဲ့သို့ မြို့နယ်တာဝန်ရှိသူအကြီးကဲများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးမှုကို တိုက်ပွဲရှောင်ပြည်သူများမှ ကျေးဇူးတင်ဝမ်းမြောက် လျက်ရှိကြောင်းသိရပြီး အဆိုပါဆောင်ရွက်မှု၌ အထွေထွေကျန်းမာရေး စောင့်ရှောက်မှု (၆၃)ဦးခန့် ပြုလုပ်ပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန စာရင်းအရသိရသည်။
မြို့နယ်ပြန်/ဆက်