ရွှေကျင် စက်တင်ဘာ ၂၁
ပဲခူတိုင်းဒေသကြီး ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ရွှေကျင်မောင်မယ် အရေးပေါ် လူမှုကူညီရေးအသင်းမှ ကိုဗစ် ၁၉-ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်ကြရန် နေ့စဉ် မနက်/ညနေ မော်တော်ယာဉ်ဖြင့် ရွှေကျင်မြို့ပေါ်ရှိ ရပ်ကွက်အသီးသီးသို့ လှည့်လည်အသိပေးကြေညာလျက် ရှိသည်။
အသိပေးကြေညာရာတွင် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံးမိမိတို့၏ နေအိမ်အတွင်းမှာသာ နေထိုင်ကြပါရန် လူစုလူဝေးကို ရှောင်ကြဉ်ကြရန် မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်း တပ်ဆင်ကြရန် လက်ကို မကြာခဏ ဆေးကြောသန့်စင်ရန် စားသောက်ဆိုင်နှင့် ဈေးဆိုင်များမှ ကျန်းမာရေးဌာန၏ ညွှန်ကြားချက် များနှင့်အညီရောင်းချကြရန် ကိုယ်အပူချိန်မြှင့်တက်မှုများ ခံစားရပါက နီးစပ်ရာဆေးရုံသို့ အမြန်ဆုံးသွားရောက်၍ ဆေးဝါးကုသမှု ခံယူကြရန် မိမိတို့ ရပ်ကွက်အတွင်း ပြည်ပမှဝင်ရောက်လာသူများ ရခိုင်ပြည်နယ်မှ ဝင်ရောက်လာသူများ အခြားတိုင်းဒေသကြီး ကန့်သတ်နယ်မြေများမှ ဝင်ရောက်လာသူများရှိပါက အချိန်နှင့်တစ်ပြေးညီ သက်ဆိုင်ရာဌာနများသို့ သတင်းပေးပို့ ကူညီဆောင်ရွက်ကြပါရန်နှင့် ပြည်သူများအနေဖြင့်လည်း သတ်မှတ်စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူပေါင်းပါဝင်ကြရန်တို့ကို မော်တော်ယာဉ်ဖြင့် နေ့စဉ် လှည့်လည် အသိပေးကြေညာလျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)