ပခုက္ကူမြို့၌ ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

ပခုက္ကူ  ဒီဇင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊အမှတ်(၃)ရပ်ကွက်၊ သီရိဓမ္မာလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့် မြှင့်တင်ခြင်း လုပ်ငန်းကို ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၆ ရက်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါရာနှုန်းပြည့်ဆောင် ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံက သိရသည်။

၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေကျပ် (၃၅ဒဿမ၁၆)သန်း၊ ပြည်သူလူထုထည့် ဝင်ငွေကျပ်(၉)သန်း၊ စုစုပေါင်းငွေကျပ်(၄၄ဒဿမ၁၆)သန်းတို့ဖြင့် အရှည်ပေ(၉၀၀)၊ အကျယ်ပေ(၂၀)နှင့်ထု(၈)လက်မရှိသည့် ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ သီရိဓမ္မာလမ်းကို ကွန်ကရစ်လမ်းအမျိုးအစားအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၆ရက်မှ စတင်အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး နိုဝင်ဘာလ၃၀ရက်က ရာနှုန်းပြည့်ဆောင် ရွက်ပြီးစီးခဲ့ကြောင်း၊ လုပ်ငန်းစံချိန်စံညွှန်းအရည်အသွေးများနှင့် ကိုက်ညီကောင်းမွန်စေရေးနှင့် သတ်မှတ် ကာလအတွင်း အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးနိုင်ရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့က အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ စိမ်းလန်းစိုပြေစေရေး၊ လမ်းပန်းဆက်သွယ်မှုအဆင်ပြေချောမွေ့စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးခြင်းကြောင့် ရပ်ကွက်နေပြည်သူများအတွက် မော်တော်ဆိုင်ကယ်၊ မော်တော်ကားများဖြင့် အဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)