ပေါက်မြို့ အဝင်/အထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်

ပေါက်   စက်တင်ဘာ  ၂၁

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ရောဂါကူးစက် ပျံ့နှံ့မှု မဖြစ်ပွားစေရေးအတွက် မြန်မာနိုင်ငံတစ် ဝှမ်းလုံးတွင် အမျိုးသားရေး တာဝန်အဖြစ် ကာကွယ်တားဆီးရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးဆောင်၍ ​ပေါက်မြို့  မြို့ဝင်ထွက် စစ်ဆေးရေးဂိတ်များတွင် အနယ်နယ်အရပ်ရပ်မှ ဝင်ရောက်ဖြတ်သန်း လာသည့် ခရီးသွားပြည်သူများနှင့် ယာဉ် မောင်းများအား နေ့စဉ်ကြပ်မတ် အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များကပူးပေါင်း၍ ကျန်းမာရေးစစ်ဆေးပေးသည့် ဂိတ်တွင် တာဝန်ကျ  ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရပ်ဘက် လူမှုရေးအသင်းအဖွဲ့များမှ အဝေးပြေး ယာဉ်လိုင်းများ၊ အိမ်စီးယာဉ်ငယ်များ၊ မော်တော် ဆိုင်ကယ် များဖြင့် ဖြတ်သန်းသွား လာနေကြသည့် ခရီးသွားပြည်သူများကို ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်း၊ လက်ကို မကြာခဏ သန့်ရှင်းစင်ကြယ်စွာ ဆေးကြောရန် အစရှိသည့် ကျန်းမာရေးအသိပညာပေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်ခြင်းမရှိပါက ချက်ချင်းဝယ်ယူတပ်ဆင်စေခြင်း၊ တိုင်းဒေသကြီး ပြင်ပမှ တိုင်းဒေသကြီးအတွင်း ဝင်ရောက်လာသည့် ခရီးသွားပြည်သူများအား ခရီးသွားထောက်ခံချက် စစ်ဆေးခြင်း စသည့်လုပ်ငန်းများကို နေ့စဉ် (၂၄)နာရီ နေ့/ည ဂျူတီခွဲဝေချထားကာ အရှိန်အဟုန်မြှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဉာဏ်တိုး​(ပေါက်)