ပေါက်ခေါင်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ

ပေါက်ခေါင်း ဒီဇင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် ပြည်ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ဂျမ်းဂျမ်းအေးက ကလေးသူငယ်အခွင့်အရေးများနှင့်ပက်သက်၍ ပြောကြားရာတွင် ကလေးသူငယ်အခွင့်အရေးများ အပြည့်အဝရရှိရန်၊ ကလေးသူငယ်အခွင့်အရေးပြဌာန်းချက်များ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဝန်ဆောင်မှုများ၊ ကလေးသူငယ်အမှုအခင်းကိစ္စရပ်များ၊ လူကုန်ကူးမှုကိစ္စများနှင့်ပက်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။ ထိုသို့ဆွေးနွေးပြောကြားခဲ့မှုအပေါ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဝင်များက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)