ဟုမ္မလင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် မိတ်ကပ်၊ ဆံပင် အလှပြင် သင်တန်းဖွင့်လှစ်

ဟုမ္မလင်း ဒီဇင်ဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့တို့ပူးပေါင်း၍ မိတ်ကပ်၊ ဆံပင် အလှပြင်သင်တန်း ဖွင့်လှစ်ပွဲ ဒီဇင်ဘာ (၁) ရက် နေ့နံနက် (၁၀) နာရီကလူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဧဆက်ကအဖွင့် အမှာစကားပြောကြားပြီး၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ​ဒေါ်ဒုံစေ့ ကသင်တန်းသူများအား အသက်မွေးကျောင်း အထောက်အကူပြုစေရန်နှင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းမှ တစ်ဦးချင်းဝင်ငွေရရှိစေရန် ရည်ရွယ်၍ သင်တန်းဖွင့်ရခြင်း​ဖြစ်ကြောင်း
ရှင်းလင်းပြောကြားခဲ့ ကြောင်းသိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဧဆက်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ​ဒေါ်ဒုံစေ့နှင့် အဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်အဖွဲ့ဝင်းများ၊ သင်တန်းနည်းပြ ဆရာ/မများနှင့် သင်တန်းသူ (၃၅) ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် သင်တန်းကို ဒီဇင်ဘာလ (၁) ရက်နေ့မှ (၃) ရက်နေ့ထိ သင်တန်းနည်းပြ ဆရာ/မများက လက်တွေ့သင်ကြားပေးသွားမည် ​ဖြစ်ကြောင်းသိရသည်။
ဟုမ္မလင်း (ပြန်/ဆက်)