အသက် (၂) နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးတိုက် ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေး

ပုလော   ဒီဇင်ဘာ လ  

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် မွေးကင်းစမှအသက် (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေး ထိုးပေးခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ပုလောမြို့နယ် ကျန်းမာရေးဝန်ထမ်း များက မွေးကင်းစကလေးငယ်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား (ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ အသည်းရောင်အသားဝါ (ဘီ) စသည့် (၅) မျိုးစပ် ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်းနှင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းကို မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် လစဉ်လဆန်းပိုင်းမှစ၍ ထိုးနှံတိုက် ကျွေးပေးလျက်ရှိကြောင်း သိရသည်။

အေးအေးမော်(ပုလော)