ရေစကြိုမြို့၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် (Talk Show) ဆွေးပွဲကျင်းပ

ရေစကြို ဒီဇင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းပြီး ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁ ရက် နံနက် ၁၀ နာရီအချိန်က ရေစကြိုမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ရေစကြိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်က (TalkShow) ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မသန်စွမ်းသူများအကြောင်းနှင့် ပတ်သက်၍ မေးခွန်းများမေးမြန်းရာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်အေး က အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ဖြစ်ပေါ်လာပုံ၊ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေများ၊ တားမြစ်ချက်များနှင့်ပြစ်မှု၊ ပြစ်ဒါဏ်များ၊ မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်း မြှင့်တင်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများ၏ အခွင့်အရေးများ၊ မြန်မာနိုင်ငံတွင် မသန်စွမ်းသူများအတွက် ပြုစုစောင့်ရှောက်ပေးနေမှုများ၊ မသန်စွမ်းသူများအနေဖြင့် မိမိကိုယ်ကိုကာကွယ်ရမည့် အချက်များကို Online မှ တစ်ဆင့် အသိပညာပေး ဆွေးနွေးကြကြောင်း သိရသည်။

မောင်လုလင်(ရေစကြို)