ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၂၀၂၁-၂၀၂၂ ခုနှစ်၊ ရိုးပြတ်ကျန်ဧရိယာအပေါ် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ရေရှိရေး ဖော်ထုတ် ဆောင်ရွက်မည့် ရေနုတ်မြောင်းတူးဖော်ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

သာပေါင်း နိုဝင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဂုံမင်းကျေးရွာရှိ ၂၀၂၁-၂၀၂၂ ခုနှစ်၊ ရိုးပြတ်ကျန်ဧရိယာအပေါ် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ရေရှိရေးဖော်ထုတ်ဆောင်ရွက်မည့် ရေနုတ်မြောင်းတူးဖော်ခြင်း လုပ်ငန်းများအားယ‌နေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ၂၀၂၁-၂၀၂၂ ခုနှစ်၊ ရိုးပြတ်ကျန်ဧရိယာအပေါ် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ရေရှိရေး ဖော်ထုတ်ဆောင်ရွက်မည့် ရေနုတ်မြောင်းတူးဖော်ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးကြကာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြပြီး ရှင်းလင်းတင်ပြချက်များအပေါ် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချူပ်ဦးတင်မောင်ဝင်းက လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူများ တတ်ရောက်ခဲ့ကြသည်။

မျိုးဇော်သိန်း

သာပေါင်း(ပြန်/ဆက်)