ဇီးကုန်း နိုဝင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရေး စီမံဆောင်ရွက်ထားရှိမှုများအား နတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ ခရိုင်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌဦးတင်ငွေနှင့်အဖွဲ့ဝင်များသည် ယနေ့နံနက် ၈ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့သည် မြို့နယ်စည်ပင်သာယာဈေးကြီး အတွင်း/အပြင် သန့်ရှင်းသာယာသပ်ရပ်စေရေး စီမံဆောင်ရွက်ထားရှိမှုများ၊ လမ်းဘေးဝဲယာတစ်လျှောက် အရိပ်ရသစ်ပင်များနှင့် ပန်းအလှအပင်များစိုက်ပျိုးထားရှိမှုများ၊ အမှိုက်သရိုက်များ စနစ်တကျစွန့်ပစ်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှုများ၊ မြို့တွင်းလမ်းများကောင်းမွန်စေရေး စီမံဆောင်ရွက်ထားရှိမှုများ၊ လမ်းဆိုင်းဘုတ်များနှင့် မြို့အဝင်အထွက်ဆိုင်းဘုတ်များ သစ်လွင်တောက်ပအောင် ဆောင်ရွက်ထားရှိမှုများနှင့် မင်္ဂလာသောက်ရေကန်တို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး မြို့တွင်းသာယာလှပစေရေး ကျိုးပမ်းဆောင်ရွက်ကြရန်၊ လမ်းများကြံ့ခိုင်စေရေးနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကံမြင့်၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးမျိုးဇင်ဝင်းတို့မှ လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။
တင့်ဆွေ (ပြန်/ဆက်)