ချောက်​မြို့၌ မြို့နယ်အဆင့်လူရည်ချွန် ကိုယ်ကာယကြံခိုင်​ရေးစစ်​ဆေးအမှတ်​ပေး

ချောက်  နိုဝင်ဘာ ၃၀

မ​ကွေးတိုင်း​ဒေသကြီး၊ ​ချောက်ခရိုင်၊​ ချောက်မြို့နယ်၌ မြို့နယ်အဆင့် လူရည်ချွန် ကိုယ်ကာယကြံခိုင်​ရေး စစ်​ဆေးအမှတ်​ပေးခြင်းကို ယ​နေ့နံနက် (၇)နာရီအချိန်က မြို့နယ်အား ကစားကွင်းတွင် ဆောင်ရွက်ခဲ့ရာ ခရိုင်ပညာ​ရေးမှူး ဦးမန်း​အောင်၊မြို့နယ် ပညာ​ရေးမှူး​ဒေါ်ခင်​လေးဖြူတို့က အနီးကပ်ကြီးကြပ်​ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကိုယ်ကာယကြံခိုင်​ရေး စစ်​ဆေးအမှတ်​ပေးခြင်းကို မြို့နယ်အဆင့် လူရည်ချွန် Grade - 9 (အဌမတန်းသင်ရိုး​ဟောင်း)၊ Grade - 10၊ Grade - 11ကျောင်းသား /သူများ ဝင်​ရောက်ယှဥ်ပြိုင်ခဲ့​ကြပြီး ပြိုင်ပွဲများမှာ ကျား မီတာ ၁၀၀အ​ပြေး၊မ မီတာ ၁၀၀အ​ပြေး၊ လက်​ထောက်​မှောက်တွန်းတင်၊ ရပ်လျက်အလျားခုန်၊ အိပ်ထ မတင်၊ ကျား မီတာ၈၀၀အ​ပြေး၊ မ မီတာ ၄၀၀ အ​ပြေးတို့ဖြစ်သည်။  

အဆိုပါ မြို့နယ်အဆင့် လူရည်ချွန် ကိုယ်ကာယကြံခိုင်​ရေး စစ်​ဆေးအမှတ်​ပေးခြင်းတွင် Grade - 9 (အဌမတန်းသင်ရိုး​ဟောင်း) ကျောင်းသား ၁၀ ဦး၊ ​ကျောင်းသူ၁၃ ဦး၊ Grade - 10 ကျောင်း သား ၁၆ ဦး၊​ ကျောင်းသူ ၁၅ ဦး၊ Grade - 11​ကျောင်း သား ၁၂ ဦး၊​ ကျောင်းသူ ၁၄ ဦးစုစု​ပေါင်း ကျောင်း သား/သူ  ၈၀ ဦးတို့​​ ဝင်​ရောက်ယှဥ်ပြိုင်ခဲ့ကြ​​ပြီး ​​ပြိုင်ပွဲဝင် ကျောင်းသား /သူများအား သတ်မှတ်ထား​သော စံချိန်နှင့်အညီ အမှတ်​များ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 (မြို့နယ်ပြန်/ဆက်)