ငါးသိုင်းချောင်း နိုဝင်ဘာ ၃၀
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ရှိ အနှေးယာဉ်လုပ်သားများနှင့် ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဉီးခင်ညွန့် ဉီးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနက ဝန်ထမ်းများ၊ ငါးသိုင်းချောင်းမြို့ နယ်မြေရဲတပ်ဖွဲ့စခန်းက ယာဉ်ထိန်းရဲတပ်ဖွဲ့ ဝင်များပူးပေါင်းအဖွဲ့သည် ယမန်နေ့ညနေပိုင်းက ငါးသိုင်းချောင်းမြို့ပေါ်ရှိ အနှေးယာဉ် စက်ဘီး၊ ဆိုက်ကားများတွင် ရောင်ပြန်စတစ်ကာများ တပ်ဆင်ပေးခဲ့ကြကြောင်း သိရှိရပါသည်။
အနှေးယာဉ်လုပ်သားများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိလိုက်နာကြရန်နှင့် ယာဉ်မတော်တဆမှုများ လျော့နည်းစေရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ယခုလို ကွင်းဆင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရှိခဲ့ရပါသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)