ရွှေကျင်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ကွင်းဆင်းကြီးကြပ်အားပေး

ရွှေကျင်  နိုဝင်ဘာ  ၃ဝ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများပူးပေါင်း၍ ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ကွင်းဆင်းကြီးကြပ်အားပေးမှုများ ဆောင်ရွက်ခဲ့သည်။

ရွှေကျင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများပူးပေါင်း၍ တက္ကသိုလ်ဝင်တန်းရှိသော ကျောင်းများတွင် ဆရာ/ ဆရာမများက ကျောင်းသား/ ကျောင်းသူများအား အချိန်ပိုခေါ်ယူသင်ကြားပေးနေမှုအား ကွင်းဆင်းကြီးကြပ်၍ အားပေးဆွေးနွေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။ အဆိုပါ အချိန်ပိုခေါ်ယူသင်ကြားပေးရာတွင် တက္ကသိုလ်ဝင်တန်း ကျောင်းသား/ ကျောင်းသူများအား နံနက်(၄၅)မိနစ်တစ်ကြိမ်၊ ညနေ(၄၅)မိနစ်တစ်ကြိမ် တစ်နေ့လျှင်နှစ်ကြိမ် နေ့စဉ်ပုံမှန် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)