ကော့သောင်းမြို့တွင် လမ်းထွက်သွားလာနေကြသူများအား မဖြစ်မနေနှာခေါင်းစည်းတပ်ဆင်ကြရေး Campaign လုပ်ငန်းများဆောင်ရွက်

ကော့သောင်း နို၀င်ဘာ ၃၀

ကိုဗစ်-၁၉ရောဂါမျိုးဗီဇပြောင်း အိုမိခရွန် ယခုရက်ပိုင်းအတွင်း ပြည်တွင်းကူးစက်မှုပြန်လည်ဖြစ်ပွားလာနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကူးစက်မှုထိန်းချုပ်နိုင်ရေး ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် လမ်းထွက်သွားလာနေကြသူများအား ပါးစပ်နှာခေါင်းစည်းများ လိုက်လံဝေငှတပ်ဆင်ပေးသည့် (mask Campaign) လှုပ်ရှားမှုတစ်ရပ်ကို ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ အဝိုင်းပတ်လမ်းဆုံ၌ ယမန်နေ့ညနေပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ကော့သောင်းမြို့အနေဖြင့် ကိုဗစ်-၁၉ရောဂါမျိုးဗီဇပြောင်းအိုမိခရွန် ထိန်းချုပ်ရေးလုပ်ငန်းများအား ကဏ္ဍစုံမှလှုပ်ရှားဆောင်ရွက်လျက်ရှိရာ မြို့နေပြည်သူများလမ်းထွက်ပါက နှာခေါင်းစည်းများတပ်ဆင်ကြရေး ကျယ်ကျယ်ပြန့်ပြန့်အသိပေးထားပြီးဖြစ်ပြီး ပြည်သူအများစုနှာခေါင်းစည်းတပ်ဆင်ကြသော်လည်း စည်းကမ်းမလိုက်နာသူပြည်သူတစ်ချို့ကြောင့် ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေး ယခုကဲသို့ မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် ရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဌာန၊ မီးသတ်ဦးစီးဌာနနှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ ဘော်လံဒီယာအဖွဲ့များပူးပေါင်းကာ လမ်းထွက်သွားလာနေသူများကို ပါးစပ်နှာခေါင်းစည်းဝေငှတပ်ဆင်ပေးသည့် (mask Campaign) လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ကျော်စိုး