လိပ်သို နိုဝင်ဘာ ၃၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်ရှိ တောင်ပေါ်ဒေသဖြစ်သောလိပ်သိုဒေသတစ်ခွင် ကျေးရွာအချို့တွင် ကော်ဖီသီးများ ရင့်မှည့်လာပြီဖြစ်၍ စိုက်ပျိုးထားသူတောင်သူများ စတင် ဆွတ်ခူး၍ ကော်ဖီသီးအစိုအတိုင်း ရောင်းချလျက်ရှိကြသလို နေလှန်းအခြောက်ခံကာ ကော်ဖီစေ့များ ထုတ်လုပ်ကြပြီဖြစ်ကြောင်း သိရသည်။
လိပ်သိုဒေသရှိ ကော်ဖီစိုက်တောင်သူများမှာ ARABICA ကော်ဖီမျိုးနှင့် ရိုဘတ်စတာ ကော်ဖီမျိုးများကို စိုက်ပျိုးထားကြပြီး ARABICA မျိုးများမှာ စောစောရင့်မှည့်၍ စောစော ဆွတ်ခူးကြကြောင်း ၊ အချို့တောင်သူများမှာ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ ၊ ကော်ဖီသီးနှံ ဌာနခွဲတို့မှ အရည်အသွေးကောင်းမွန်သော ကော်ဖီစေ့များရရှိရန် ကော်ဖီဆွတ်ခူးခြင်း၊ နည်းပညာ ဖြန့်ဝေပေးမှုများအတိုင်း လုပ်ဆောင်ဆွတ်ခူးကြသော်လည်း အချို့တောင်သူများ မိသားစု စားဝတ်နေရေး အဆင်ပြေစေရန် အစိုအတိုင်း ဦးစားပေးဆွတ်ခူးကြကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။
ကော်ဖီသီးအစို ဝယ်ယူသူများက ကော်ဖီသီးအစို လေးထောင့်ပုံးတစ်ပုံးလျှင် (၅၀၀ဝိ/-) ကျပ်မှ (၆၅၀ဝိ/-) ကျပ်အထိ ဝယ်ယူလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (ပြန်/ဆက်)