ညောင်တုန်း နိုဝင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ စည်ပင်သာယာမြို့မဈေး အနောက်ဘက်ရှိ ပန်းလှိုင်မြစ်ကမ်း ထိန်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေအား ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ၊ မြိုနယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများက ပန်းလှိုင်မြစ်ကမ်းပြိုကျမှုအား ထိန်းသိမ်းနိုင်ရန်အတွက် ပေ(၈၀၀)အရှည်ရှိ မြစ်ကမ်းထိန်းတမံလုပ်ငန်း ဆောင်ရွက်မှု အခြေအနေအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)