မအူပင်မြို့၌ စာအုပ်စာစောင်ချစ်မအူပင်မြို့၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းနှင့်ပူးပေါင်း၍ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်

မအူပင် နိုဝင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် စာပေဝါသနာရှင်များ ပူးပေါင်းပြသသည့် စာအုပ်ပြပွဲတွင် သုတ၊ ရသစာအုပ်များကို ပြသထားခြင်း၊ နံရံကပ် စာစောင်ပြပွဲတွင် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှု မှတ်တမ်းဓာတ်ပုံများနှင့် ပတ်သက်သည့် မှတ်တမ်းဓါတ်ပုံများ၊ အမုန်းစကား တားဆီးကာကွယ်ရေး အသိပညာပေး စာစောင်များ ပြသထားရာ မအူပင်ခရိုင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်ရှိ စာပေချစ်သူ စာပေဝါသနာရှင်များ တက်ရောက်ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)