ညောင်တုန်း နိုဝင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးအတွက် ရေးဖြေ၊ နှုတ်ဖြေစာမေးပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးအတွက် ရေးဖြေ၊ နှုတ်ဖြေစာမေးပွဲကို မြို့နယ်ပညာရေး ဦးစီးဌာနက ဦးဆောင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade-9(၄၀)ဦး၊ Grade-10(၂၉)ဦး၊ Grade-11 (၂၄)ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၉၃)ဦးရှိပြီး စာရိတ္တနှင့် ပြည်သူ့နီတိ၊ မြန်မာ့ယဉ်ကျေးမှုနှင့် ထုံးဓလေ့၊ အထွေထွေ ဗဟုသုတ ဘာသာရပ်များကို ဖြေဆိုယှဉ်ပြိုင်ကြကြောင်းသိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)