ထီးချိုင့် စက်တင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အသက် (၈၅) နှစ်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် မသန်စွမ်းသူများအား ထောက်ပံ့ ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူး ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးသိန်းဟန်မှ အဖွင့်အမှာစကားပြော ကြားပြီး မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်မှ ထောက်ပံ့ကြေးပေးအပ်ခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ထီးချိုင့် မြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်အထက် သက်ကြီးရွယ်အိုဘိုးဘွား (၄၄၈) ဦးအတွက် တစ်ဦးလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် (၁၃၄၄၀၀၀၀) ကျပ်အားလည်းကောင်း၊ မသန်စွမ်းသူဦးရေ (၇၁၆) ဦးအတွက် တစ်ဦးလျှင် (၃၀၀၀၀) ကျပ်နှုန်း ဖြင့် (၂၁၄၈၀၀၀၀) ကျပ်အားလည်းကောင်း သက်ဆိုင်ရာတာဝန်ရှိသူများမှ ရပ်ကွက်/ကျေးရွာအုပ် ချုပ်ရေးမှူးများထံသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ထားသော စည်းကမ်းချက် များနှင့်အညီ ထောက်ပံ့ပေးအပ်ခဲ့ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတဆင့် သက်ကြီးဘိုး ဘွားများနှင့် မသန်စွမ်းသူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သွား မည်ဖြစ်ကြောင်း သိရ ပါသည်။
ရဲလင်းထွန်း ထီးချိုင့်