သဲကုန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် စျေးများကို ခေတ္တယာယီပိတ်ထား

သဲကုန်း  စက်တင်ဘာ    ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးများ အား ကိုဗစ်−၁၉ ရောဂါ ကူးစက်မှုမြန်ဆန်ကာ ရောဂါပိုးတွေ့ရှိသူ ပိုမိုများပြားလာသည့်အတွက် စက်တင်ဘာလ(၂၂)ရက် အင်္ဂါနေ့မှစပြီး ခေတ္တယာယီပိတ် ထားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာ အဖွဲ့ထံမှ သိရှိရသည်။

အဆိုပါ ဈေးများအား ပိတ်ထားမည်ဖြစ်သော်လည်း ဒေသခံများ လိုအပ်ချက်ဖြစ်သည့် အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များ ရောင်းချ ဝယ်ယူနိုင်ရေးအတွက် စီစဉ်ထားရှိရာ ပျံကျစျေးကိုလည်း အချိန်မီ ဖွင့်လှစ်ပေးရန် ရပ်ကွက်(၁)၊ အနောက်မြို့ပတ်လမ်း၊ ဘူတာရှေ့ တွင် စတင်ဆောင်ရွက်လျက်ရှိပြီး အဆိုပါ စျေးကိုလည်း အချိန်ကန့်သတ်ကာ ရောင်းချနိုင်ရေး စီစဉ်လျက်ရှိကြောင်း သိရသည်။

နိုင်လင်း(သဲကုန်းပြန်/ဆက်)