ချောက် နိုဝင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု ဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်ခင်ချိုချိုဝင်းနှင့် စာကြည့်တိုက်လက်ထောက်(၃)ဦးနိုင်ထက်မိုး တို့က နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာ ၂၅ ရက်နေ့မှ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုကို ကမ္ဘာတစ်ဝှမ်းပုံသဏ္ဍာန် အမျိုးမျိုးနှင့် လှုပ်ရှားဆောင်ရွက်နေမှုများအကြောင်းနှင့် ဆောင်ပုဒ်မှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး အားလုံးပေါင်းစုလှုပ်ရှားပေး" ဖြစ်ကြောင်း၊ အမျိုးသမီးထုကြီး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်ပေးခြင်းလုပ်ငန်းတွေကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ စီစဉ်ဆောင်ရွက်ပေးနေမှုများ အမျိုးသမီးများ အကြမ်းဖက်ခံရသည့်အခါ သတင်းပို့တိုင်ကြားနိုင်သည့် ကူညီစောင့်ရှောက်မှုများ၊ ယာယီလက်ခံ စောင့်ရှောက်ပေးနိုင်ရေးအတွက် စောင့်ရှောက်ဖွင့်လှစ်ပေးသောနေရာနှင့် ဝန်ဆောင်မှုပေးနေခြင်းများအား အပြန်အလှန်ဆွေးနွေးပြောကြားသွားခဲ့ကြောင်း သိရသည်။
(မြို့နယ်ပြန်/ဆက်)