နတ်မောက်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ရေး စစ်ဆေးခြင်းဆောင်ရွက်

နတ်မောက် နိုဝင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မြို့နယ်အဆင့် လူရည်ချွန် ရေးချယ်ရေးစစ်ဆေးခြင်းကို ယနေ့နံနက် ၉နာရီအချိန်က အမှတ်(၁) အခြခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် နတ်မောက်မြို့နယ်အဆင့် Grade-9၊ Grade-10 နှင့် Grade-11 ရှိ ကျောင်းသား/သူ  (၂၈)ဦးတို့မှ မြန်မာစာ၊ အင်္ဂလိပ်စာဘာသာရပ်များအား ဝင်ရောက်ဖြေဆို ယှဉ်ပြိုင်ခဲ့ကြ၍ နိဝင်ဘာ ၃၀ ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး အောင်မြင်သော   ကျောင်းသား/သူများကို ခရိုင်အဆင့်သို့ ဆက်လက်ဝင်ရောက် ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

လှဝင်း