ရေတာရှည်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု

ရေတာရှည်  နိုဝင်ဘာ  ၂၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တိုင်းသေကြီးရန်ပုံငွေကျပ်(၉၃.၀၁၉)သန်းဖြင့် ညောင်ပင်သာကျေးရွာအုပ်စု ဝါးတောကြီးကျေးရွာ၌ အကျိုးပြုဧက ၁၀၀ ရှိသည့် ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ယမန်နေ့မွန်းလွဲ ၃ နာရီ အချိန်က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးဦးသန့်ဇင်မျိုး၊ မြို့နယ်ဦးစီးမှူးဦးရန်နိုင်ညွန့်နှင့် ဝန်ထမ်းများသည် (၁/၃.၇၈မိုင်x၁၂'x၁'၉")ရှိသည့် ဝါးတောကြီးကျေးရွာ ကုန်ထုတ်လမ်း မြေ+ကျောက်ရောမြေခင်းခြင်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီးတာဝန်ရှိသူများက ဆောင်ရွက်ပြီးစီးမှုအခြေနေများနှင့် ဆက်လက်ဆောင်ရွက်မည် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ လုပ်ငန်းအရည်အသွေးကောင်းမွန်ရေး သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)