ထားဝယ် နိုဝင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ အမှတ်စဉ် ၆/၂၀၂၂ သင်တန်းကို ၃၀.၁၁.၂၀၂၂ ရက်နေ့မှ ၇.၁.၂၀၂၃ ရက်နေ့အထိ ဖွင့်လှစ်မှာဖြစ်ကြောင်း သိရသည်။
အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကြားပေးခြင်းအားဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ အမျိုးသမီးများမိမိကိုယ်ကိုရပ်တည်နိုင်စေရန်၊ နိုင်ငံတော်၏ကုန်ထုတ် စွမ်းအားပိုမိုမြင့်မားစေရန်၊ အမျိုးသမီးများ၏ ဘဝပိုမိုဖွံ့ဖြိုးတိုးတက်စေရန် စသည့်ရည်ရွယ်ချက်များ ဖြင့်သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။
တက်ရောက်လိုသူများအနေဖြင့် ထားဝယ်မြို့၊ ဆန်းချီရပ် ခရေလမ်းနှင့်နွယ်သာကီလမ်းထောင့် အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်းတွင် ဆက်သွယ်စုံစမ်းနိုင်ပြီး ဖုန်းနံပါတ် ၀၅၉ -၂၀၂၄၀၀/၀၉၂၅၉၁၇၉၆၉၇ သို့လည်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
သင်ကြားပေးမည့် ဘာသာရပ်များအနေဖြင့် စက်ချုပ်သင်တန်း (အခြေခံ/အဆင့်မြင့်/စင်တီ/လက်မ) မုန့်မျိုးစုံသင်တန်း/ဒီဇိုင်နာသင်တန်း/လက်မှုသင်တန်း/စမော်ကင်သင်တန်း/ကျားရှပ်အင်္ကျီသင်တန်းဖွင့်လှစ်သင်ကြားမှာဖြစ်ပြီး သင်တန်း ကာလမှာ(၄၅)ရက်ဖြစ်ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)