ကန့်ဘလူမြို့နယ်၌ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ

ကန့်ဘလူ နိုဝင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဦးတည်အုပ်စုများအလိုက် ဦးစားပေး အစီအစဥ်အတိုင်း ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်- ​၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကာကွယ်ဆေးလာရောက် ထိုးနှံသူများအား ထိုးနှံပေးရမည့်အကြိမ်အလိုက် ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် အကြိမ်ပြည့်ထိုးနှံပြီး ခြောက်လပြည့်ပြီး သူများအား ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ စနစ်တကျထိုးနှံပေးလျက်ရှိပြီး ယနေ့တွင် ပထမအကြိမ် ထိုးနှံသူ ၄ ဦးနှင့်ထပ်ဆောင်းကာကွယ်ဆေးထိုးနှံသူ ၁၄ ဦးရှိကာ မွန်းလွဲ ၃ နာရီအထိ ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)