မင်းကင်း နိုဝင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ “လူငယ်နှင့်စာပေ” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲကို မင်းကင်းမြို့နယ်၊ ကျွန်းတော် (မြောက်)ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းရှိ စာသင်ခန်း၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကျင်ငိုက်မန်နှင့် ဒုတိယဦးစီးမှူး ဒေါ်ဂျူလိုင်နေဝင်းတို့က လူငယ်တွေဟာ မိမိတို့၏ ရည်မှန်းချက်၊ ပန်းတိုင်ကို အကောင်းဆုံးပုံဖော် ဖန်တီးတတ်စေရန်၊ အမှားအမှန်/ အဆိုးအကောင်းများ ဝေဖန်ပိုင်းခြားတတ်အောင် စာပေဗဟုသုတ များများလေ့လာ ဖတ်ရှုရန် လိုကြောင်း အသိပညာပေးဟောပြောခဲ့ကြပြီး ဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၆၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)