ကဝ နိုဝင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနက ကျား၊ မအခြေပြုအကြမ်းဖက်မှုအသိပညာပေးသင်တန်းကို ယမန်နေ့နံနက်(၁၁)နာရီက၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါသင်တန်းတွင် ပဲခူးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်ယဉ်ယဉ်ပြုံးက ကျား၊ မအခြေပြုအကြမ်းဖက်မှုအသိပညာပေးသင်တန်းကို(Projector)ဖြင့် ရှင်းလင်းဆွေးနွေးရာတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်စေရေး (၁၆)ရက်တာလှုပ်ရှားမှု၊ (၁၆)ရက်တာနေ့ပေါ်ပေါက်လာပုံ၊ နိုဝင်ဘာ(၃၀)ရက်နေ့ အရှေ့တောင်အာရှအမျိုးသမီးများနေ့အကြောင်း၊ ဒီဇင်ဘာ(၃၀)ရက်နေ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးနေ့အကြောင်း၊ (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားများ၊ အမျိုးသမီးအကြမ်းဖက်မှုများ ရပ်တန့်စေရန် (၂၀၂၂)ခုနှစ်အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုဆောင်ပုဒ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ(၃၀)ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ တစ်နေ့တာဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)