ဒေးဒရဲ နိုဝင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဘက်စုံထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာစေရေး လူရည်ချွန်ရွေးချယ်ပွဲ၊ ရေးဖြေစာမေးပွဲကို ယမန်နေ့ နံနက် (၉) နာရီက စတင်၍ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ပထမနေ့အဖြစ် မြန်မာစာနှင့် အင်္ဂလိပ်စာ ဘာသာရပ်များကို ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါစာမေးပွဲကို မြို့နယ်ပညာရေးဦးစီးဌာနက ဦးဆောင်၍ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် လူရည်ချွန်ရွေးချယ်ပွဲ ရေးဖြေစာမေးပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ဖြေဆိုလျက်ရှိရာ Grade (9) -၉ ဦး၊ Grade (10) -၁၁ ဦးနှင့် Grade (11) -၇ဦး စုစုပေါင်း (၂၇) ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး လူရည်ချွန်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူများ အနေဖြင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ အထွေထွေဗဟုသုတ၊ ကာယကြံ့ခိုင်မှုစွမ်းရည် (၅) မျိုးနှင့် ယုံကြည်မှုဆန်းစစ်ခြင်း ဘာသာရပ်များကို ဖြေဆိုယှဥ်ပြိုင်ရမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
အေဇာလင်း