သရက် နိုဝင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက သရက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဝမ်းထွန်းက စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူဆိုတဲ့ အနက် အဓိပ္ပာယ်၊ စားသုံးသူ ကာကွယ်ရေး ဥပဒေပါ စားသုံးသူ၏ အခွင့်အရေးများနှင့် စာသုံးသူများရဲ့ တာဝန်များကို မေးမြန်းရာ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးအုန်းမြင့်က စားသုံးသူကာကွယ်ရေးဆိုင်ရာ အနက်အဓိပ္ပာယ်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး (၈)ချက်နှင့် စားသုံးသူရဲ့ တာဝန် (၄)ချက်တို့ကို အကျယ်တဝင့် ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)