ကဝ နိုဝင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ယနေ့ နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ကဝ)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန် ရွေးချယ်ရေး စာမေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူရည်ချွန် ရွေးချယ်ရေးစာမေးပွဲကို (၂၈-၁၁-၂၀၂၂)ရက်နေ့မှ (၃၀-၁၁-၂၀၂၂)ရက်နေ့ထိ (၃)ရက် ဖြေဆိုရမည်ဖြစ်ပြီး ယနေ့ (၂၈-၁၁-၂၀၂၂)ရက်နေ့တွင် မြန်မာစာနှင့် အင်္ဂလိပ်စာ၊ (၂၉-၁၁-၂၀၂၂)ရက်နေ့တွင် သင်္ချာ၊ အထွေထွေဗဟုသုတနှင့် လူတွေ့နှုတ်မေးနှုတ်ဖြေ၊ (၃၀-၁၁-၂၀၂၂) ရက်နေ့ တွင် ကာယဘာသာရပ်ဖြေဆိုရမည်ဖြစ်သည်။
ယင်းမြို့နယ် အဆင့်လူရည်ချွန် ရွေးချယ်ရေးစာမေးပွဲအား မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၃၄)ကျောင်းမှ Grade-11၊ Grade-10၊ Grade-9 ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၁၀)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)