ပုလောမြို့နယ်၌ ပုံမှန်၀င်ငွေမရှိသော အခြေခံအိမ်ထောင်စု (၁၃၀၃၄) စုအတွက် (တတိယ အကြိမ်)ထောက်ပံ့ငွေများပေးအပ်

ပုလော စက်တင်ဘာ ၂၁


ပုလောမြို့နယ်အတွင်း ပုံမှန်၀င်ငွေမရှိသော အခြေခံအိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများကို လက်၀ယ်အရောက် ပေးအပ်နိုင်ရေးအတွက် ထောက်ပံ့ငွေများ လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၁၁) နာရီက ပုလောမြို့နယ်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်က နိုင်ငံတော်မှ ကိုဗစ်ကာလ စီးပွားရေး သက်သာစေရေးအတွက် ပုံမှန်၀င်ငွေမရှိသော အိမ်ထောင်စု မိသားစု၀င်များအား ထောက်ပံ့ပေးအပ်ရာတွင် တိကျမှန်ကန် စေရေးနှင့် ပြည်သူလက်၀ယ် ရောက်ရှိရေး ဆောင်ရွက်ပေးရန် ပြောကြားခဲ့ပြီး၊ ပုလောမြို့နယ်အတွင်းရှိ  ရပ်ကွက်/ကျေးရွာ အသီးသီ:သို့ နိုင်ငံတော် ထောက်ပံ့ငွေ ပေးအပ်ရာတွင် ကြီးကြပ် ဆောင်ရွက်ရမည့်  ဌာနဆိုင်ရာ တာ၀န်ရှိသူ အဖွဲ့ခေါင်းဆောင်(၈) ဦးနှင့် ရပ်/ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့ အိမ်ထောင်စု (၁၃၀၃၄) စု အတွက် ထောက်ပံ့ငွေများ လွှဲပြောင်း ပေးအပ် ခဲ့သည်။
ကိုဗစ်−၁၉ ရောဂါ ဖြစ်နေစဉ်ကာလအတွင်း ပုံမှန်၀င်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော် အစိုးရမှ ပုလောမြို့နယ်အတွင်း ပထမအကြိမ်အဖြစ် အခြေခံ စားသောက်ကုန် (၅)မျိုးကို အိမ်ထောင်စုပေါင်း(၉၉၂၉)စု၊ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိသော အိမ်ထောင်စုများကို တစ်စုလျှင် ငွေကျပ် (၁၅၀၀၀)နှုန်းဖြင့် အိမ်ထောင်စု (၃၁၀၅)စု၊ ဒုတိယအကြိမ် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀) နှုန်း ဖြင့် အိမ်ထောင်စုပေါင်း (၁၃၀၃၄)စုအတွက် ငွေကျပ် (၂၆၀၆၈၀၀၀၀)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ ယခု တတိယ အကြိမ် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် အိမ်ထောင်စုပေါင်း (၁၃၀၃၄) စု အတွက် ငွေကျပ် (၂၆၀၆၈၀၀၀၀)ကျပ် ကို ထပ်မံ ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
အေးအေးမော် (ပုလော ပြန်/ဆက်)