ကြို့ပင်ကောက် စက်တင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ဓါတ်ခွဲအတည်ပြုလူနာများထားရှိရန် အတွက် ရန်ကုန်ပြည်ကားလမ်းဘေးရှိ ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံတွင် စက်တင်ဘာလ ၂၀ ရက်နေ့မှစတင်ပြီး ပြင်ဆင်လျက်ရှိသည်။
ကြို့ပင်ကောက်မြို့တွင် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာတစ်ဦးအား စစ်ဆေးတွေ့ရှိခဲ့ရာ ထပ်မံပြီးပိုးတွေ့လူနာများ တွေ့ရှိလာရပါက သီးသန့်ထားရှိ ကုသနိုင်ရန်အတွက် ပြင်ဆင်ထားခြင်းဖြစ်ကြောင် မြို့နယ်ပြည်သူဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းသို့ ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၌ ပြင်ဆင်ရာတွင် အတည်ပြုလူနာ ၁၅ ဦးထားရှိသွားနိုင်ရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ်တိုင်းရင်းဆေးရုံမှ ဝန်ထမ်းများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)