ကလေးမြို့တွင် ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် Mask  Campaign ဆောင်ရွက်

ကလေး နိုဝင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက ကားကြီးဝန်းလမ်းနှင့် ပင်လုံဈေးလမ်းဆုံ၌ ခရီးသွားပြည်သူများနှင့် စျေးရောင်း၊ စျေးဝယ်များကို ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်သွားလာရေး အသိပညာပေး   Mask  Campaign ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ပြည်သူများ ကိုဗစ်- ၁၉ ရောဂါ မျိုးကွဲများ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာကြရန် နှင့် အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သွားလာရန်၊ ကိုဗစ် - ၁၉ ရောဂါ  ထပ်ဆောင်းကာကွယ်များ ဆေးထိုးနှံနိုင်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး နှာခေါင်းစည်း Mask (၂၅၀၀)ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပါးစပ်နှာခေါင်းစည်းများတပ်ဆင်သွားလာရေးအသိပညာပေး   Mask  Campaign ဆောင်ရွက်ရာသို့ ကလေးခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြပြီး၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ကလေး(ပြန်/ဆက်)