စလင်းမြို့နယ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စလင်းတပ်နယ်မှ အခြေခံလူတန်းစား အိမ်ထောင်စု(၅၀၀)အား စားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

စလင်း နိုဝင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စလင်းတပ်နယ်မှ အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက် ၇ နာရီ ၃၀ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း အခြေခံလူတန်းစား အိမ်ထောင်စုများအား ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

စလင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စလင်းမြို့တွင် အိမ်ထောင်းစု (၅၀၀) ဦးနှင့် ဆီစက်ပိုင်၊ ဆန်စက်ပိုင်ကုန်သည်ကြီးများ အသင်းမှ (၂၀၀) ဦး၊ ဆင်ဖြူကျွန်းမြို့တွင် အခြေခံလူတန်းစား အိမ်ထောင်စု (၅၀၀) ဦး၊ စုစုပေါင်းအိမ်ထောင်စု (၁၂၀၀) အား အခမဲ့ဝေငှခဲ့ပြီး ယနေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စလင်းတပ်နယ်မှ မြို့နယ်အတွင်းရှိ ပြည်သူများအား စားသောက်ကုန်များ ရောင်းချပေးရာတွင် ဆန်တစ်ပြည်ကို ၁၅၀၀ ကျပ်၊ ဆီ ၅၀ ကျပ်သားတစ်ဗူးကို ၃၀၀၀ ကျပ်၊ အမဲသား၊ ဝက်သား ၂၅ကျပ်သားကို ၂၀၀၀ ကျပ်နှင့် ဆား၊ ဟင်းသီးဟင်းရွက်နှင့် ကြက်ဥများကို စျေးနှုန်းချိုသာစွာဖြင့် အခြခံလူတန်းစားအိမ်ထောင်စု (၅၀၀)အား စလင်းတပ်နယ်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း (၄)ကြိမ်မြောက် ရောင်းချပေးခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရှိရသည်။

မောင်လွင်(စလင်း)