ဟုမ္မလင်း​မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဟုမ္မလင်း နိုဝင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊  ဟုမ္မလင်းမြို့၌လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ဟုမ္မလင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူး ထွန်းနောင်ဦးက လူကုန်ကူးမှုဆိုင်ရာ ပြစ်မှု/ ပြစ်ဒဏ်အကြောင်းအရာများနှင့်လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးတိုးတိုးအောင်က ဥပဒေဆိုင်ရာ သိကောင်းစရာ အကြောင်းအရာများပတ်သတ်၍ လည်းကောင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ဒုံစေ့က လူကုန်မှုဆိုင်ရာများနှင့်ပတ်သတ်၍ အကျယ်တဝန်းရှင်းလင်း၍ အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူး ထွန်းနောင်ဦး၊ မြို့နယ်ဥပဒေအရာရှိ ဦးတိုးတိုးအောင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့ပေါ်/ရပ်ကွက်ရှိ ဒေသခံ အမျိုး သမီးများ စုစုပေါင်း(၃၅)ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။

(မြို့နယ်ပြန်/ဆက်)