နတ်မောက် စက်တင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလ အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီခန့်က ဈေးရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစားများအား နိုင်ငံတော်မှ ထောက်ပံ့ငွေများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပေးအပ်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဈေးရပ်ကွက်အုပ်ချုပ်ရေးမှူးဦးတင်လှနှင့် စာရေးဝန်ထမ်းတို့က ကိုဗစ်-၁၉ ကာလ အခြေခံလူတန်းစား များအတွက် နိုင်ငံတော်ထောက်ပံ့ငွေပေးအပ်ခြင်းကို နတ်မောက် မြို့ ဈေးရပ်ကွက် အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေ (၂၀၀၀၀) ကျပ်ဖြင့် အိမ်ထောင်စု (၂၈၆)စုအတွက် စုစုပေါင်း ငွေကျပ် (၅၇၂၀၀၀၀/-) ကျပ်ကို အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
ဖြိုးအိအိဇော်(နတ်မောက်)