မြဝတီခရိုင်၌ မူးယစ်ဆေးဖြတ်သူများပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ အသိပညာပေး (Talk Show) ပြုလုပ်

မြဝတီ     နိုဝင်ဘာ  ၂၆

ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  မူးယစ်ဆေးဖြတ်သူများပြန်လည်ထူထောင်ရေးစခန်းတို့ပူးပေါင်း၍ ယမန်နေ့လယ် ၁ နာရီကလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဖြတ်သူများ ပြန်လည် ထူထောင်ရေး လုပ်ငန်းနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲ(Talk Show) ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင်   မြဝတီခရိုင်ရုံးမှ  ဦးစီးအရာရှိ ဒေါ်ဇာဖြူဝင်းကပြည်သူ့အကျိုးပြု ဆွေးနွေးပွဲ  (Talk   Show)ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပေးပြီး မူးယစ်ဆေးဖြတ်သူများ ပြန်လည်ထူထောင်ရေးစခန်းတာဝန်ခံ ဒုတိယဦးစီးမှူး ဦးကျော်စွာလင်းက မူးယစ်ဆေးဆေးဖြတ်သူများနှင့် ပတ်သက်၍ပြန်လည်ထူထောင်ရေးစခန်းမှ လုပ်ငန်းစဉ်(၃)ရပ်ဖြင့် ဆောင်ရွက်နေမှုများ၊ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ စခန်းအခြေပြုသင်တန်းများ၊ ရပ်/ရွာအခြေပြုသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးကြောင်းနှင့် နောက်ဆက်တွဲ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ   ဆောင်ရွက်ပေးလျက် ရှိကြောင်းတို့ကို အသေးစိတ်ဆွေးနွေးပေးသည်။

မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူလူထုအသိပညာ ဗဟုသုတရရှိစေရန်အတွက် ပြည်သူ့အကျိုးပြု အသိပညာပေး  လုပ်ငန်းများကို  အွန်လိုင်းမှတစ်ဆင့် စဉ်ဆက်မပြတ် ပုံမှန်ဆောင်ရွက်ပေးလျက်ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)