ဖြူး စက်တင်ဘာ ၂၁
၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆို သောအားဖြင့် ဖြူးမြို့နယ်ကုတင်(၁၀၀) ပြည်သူ့ဆေးရုံကြီးတွင် ဖြူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်လွင်ငြိမ်းက ဦးဆောင်ပြီး ယမန်နေ့နံနက်တွင် စုပေါင်းသွေး လှူဒါန်းခဲ့ကြသည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်းမှု ပတ်သက်၍ ကျွန်တော်တို့ရဲတပ်ဖွဲ့ဆိုတာ ပြည်သူတွေအတွက် အမြဲတမ်း အသင့်ရှိနေတယ်၊ စည်းလုံးမှုရှိတယ်၊ ညီညွတ်မှုရှိတယ်၊ ဆိုတာ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိစေရန်နှင့် သင့်သွေးဖြင့်အသက်ကယ်ပါ ဆိုတဲ့အတိုင်း ကျွန်တော်တို့ရဲ့ သွေးတစ်ပုလင်းက လူတစ်အသက်ကို ကယ်နိုင်ခဲ့ရင် ဇီဝိတ ဒါနလည်း ဖြစ်ပါတယ်လို့ ရည်ရွယ်ပြီး (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအနေဖြင့် ကျွန်တော့ရဲ့ တပ်ဖွဲ့ဝင်များကို စည်းရုံးပြီး သွေးလှူဒါန်းရခြင်း ဖြစ်ပါကြောင်း ယနေ့မှာလှူဒါန်းမှာကတော့ ကျွန်တော်အပါအဝင် (၂၃)ဦး ဖြစ်ပါတယ်လို့ ဖြူးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်လွင်ငြိမ်းက ပြောကြားခဲ့ကြောင်း သိရပါသည်။
မောင်ဇော်(ဖြူး)