ဘားအံမြို့ ၊ မြန်မာ့စာတိုက်လုပ်ငန်းတွင် “ပန်းရန်”အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂၀၀)ကျပ်တန် (၁)မျိုးအား ရောင်းချပေး

ဘားအံ စက်တင်ဘာ   ၂၁

ကရင်ပြည်နယ် ၊ ဘားအံမြို့ ၊ မြန်မာ့စာတိုက်လုပ်ငန်းတွင် “ပန်းရန်”အထိမ်းအမှတ် အထူး ထုတ် စာပို့တံဆိပ်ခေါင်း သစ် (၂၀၀)ကျပ်တန်(၁)မျိုးကို ယနေ့ နံနက် (၉)နာရီခွဲ အချိန်မှစတင်၍ ပြည်သူများအား ရောင်းချ ပေးခဲ့ကြောင်းသိရသည်။

မြန်မာ့ယဉ်ကျေးမှုသုခုမအနုပညာရပ်များကို မျိုးဆက်သစ်လူငယ်များအကြား ပိုမိုသိရှိ အလေးထားစေရန်ရည်ရွယ်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ကရင်ပြည်နယ်အတွင်း ရှိ စာတိုက်များတွင် သုခုမအနုပညာ ပန်းဆယ်မျိုး တွင် အပါအဝင်ဖြစ်သော “ပန်းရန်”အထိမ်း အမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂၀၀)ကျပ်တန်(၁)မျိုးအား ယနေ့ နံနက် (၉)နာရီခွဲအချိန်မှ စတင်ကာ ရောင်းချပေးလျက်ရှိကြောင်း ဘားအံမြို့ မြန်မာ့စာတိုက် လုပ်ငန်းမှ  ပြည်နယ်တာဝန်ခံအရာရှိ ဒေါ်အေးအေးအောင်ထံမှ သိရှိရသည်။

ခရိုင် ပြန်/ဆက်