ဝါးခယ်မ နိုဝင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရေလိန်ကျေးရွာရှိ နေကြာစိုက်နည်းစနစ်ကွင်းသရုပ်ပြပွဲနှင့် အူကျွန်း-ရေလိန်ကွန်ကရစ်လမ်း ခင်းပြီးမှု အခြေအနေကို ယနေ့ နံနက် ၁၁ နာရီအချိန်တွင် လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ် ရေလိန်ကျေးရွာရှိ ကွင်းအမှတ် ၁၀၁၄ (ခ)၊ ဦးပိုင်အမှတ်၇/၁၊ တောင်သူ ဦးဝင်းမောင်၏ လယ်မြေ(၁)ဧကတွင် ကျွန်းကုန်း၊ အူကျွန်း၊ ရေလိန်ကျေးရွာများမှ နေကြာစိုက်ပျိုးမည့်တောင်သူများအား နေကြာစိုက်ပျိုးသည့် ကရိယာဖြင့် စိုက်နည်းစနစ်ကွင်းသရုပ်ပြပွဲ ကျင်းပဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များမှ ကြည့်ရှုအားပေးခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ကျေးလက်လမ်းဦးစီး ဌာနမှ ဆောင်ရွက်သည့် အူကျွန်း-ရေလိန်ကွန်ကရစ်လမ်းခင်းပြီးမှု အခြေအနေအား ဆက်လက်ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း ဝါးခယ်မ(ပြန်/ဆက်)