မြန်အောင် စက်တင်ဘာ ၂၁
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်အောင်မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ် အတွင်း ရောင်းချလျက်ရှိသော လမ်းဘေးဈေးဆိုင်၊ အိမ်ဆိုင်များအား အချိန်အကန့်အသတ်ဖြင့် ရောင်းချရန် အသိပေး အကြောင်းကြားထားကြောင်း မြန်အောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်အောင်မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ် အတွင်း ရောင်းချလျက်ရှိသော လမ်းဘေးဈေးဆိုင်၊ အိမ်ဆိုင်များဖြစ်သည့် ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်၊ ကုန်ခြောက် ဆိုင်များ၊ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များ၊ ပုဂ္ဂလိက အိမ်ဆိုင်များ၊ ဌာနဆိုင်ရာ သက်သာဈေးဆိုင်ခန်းများ၊ ဘုရားဈေး ဆိုင်ခန်းများအား (၂၁-၉-၂၀၂၀) ရက်နေ့မှ (၁-၁၀-၂၀၂၀) ရက်နေ့အထိ နံနက် ၆ နာရီမှ နေ့လယ် ၂ နာရီအထိ ရောင်းချ သွားရန်၊ ပုဂ္ဂလိက ဆေးဝါးအရောင်းဆိုင်များအား (၂၁-၉- ၂၀၂၀) ရက်နေ့မှ (၁-၁၀-၂၀၂၀) ရက်နေ့အထိ နံနက် ၆ နာရီမှ ည ၈ နာရီအထိသာ ရောင်းချသွားရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အသိပေး အကြောင်းကြားထားကြောင်း သိရသည်။
ဝင်းဗိုလ်(မြန်အောင်)