မြောင်းမြ နိုဝင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြောင်းမြခရိုင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်မှုဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ကို ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ဖွင့်လှစ်သင်ကြားခဲ့ရာ ယနေ့နေ့လယ် ၁၃း၀၀ နာရီက သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲတွင် မြောင်းမြခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ဇင်ဝင်းမော်က သင်တန်းဆင်း အမှာစကားပြောကြားပြီးနောက် သင်တန်းသူ ဒေါ်နှင်းယုလွင်က သင်တန်းသူ သင်တန်းသားများကိုယ်စား ကျေးဇူးတင်စကား ပြောကြားပါသည်။ ထို့နောက် သင်တန်းသူ၊ သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။ အဆိုပါသင်တန်းတွင် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝေါဟာရများ၊ ကြိုတင်ကာကွယ်ရေးနှင့် ဘေးအန္တရာယ် လျော့ပါးသက်သာစေရေး နည်းလမ်းများ၊ ကယ်ဆယ်ရေးပစ္စည်း ဖြန့်ဝေပေးခြင်း၊ ကြိုတင် သတိပေးစနစ်ကို ခြုံငြုံလေ့လာခြင်း သင်ခန်းစာများကို သင်ကြားပို့ချပေးပြီး သင်တန်းကို (၂၃-၁၁-၂၀၂၂)ရက်နေ့မှ (၂၆-၁၁-၂၀၂၂)ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ် သင်ကြားပေးခဲ့ပြီး ဌာနဆိုင်ရာ အသီသီးမှ ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြောင်းမြခရိုင်(ပြန်/ဆက်)