အင်္ဂပူ၊ နိုဝင်ဘာ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ မွေးမြုရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် ယနေ့နံနက်ပိုင်းကမြစိမ်းရောင် (အသားကဏ္ဍ) ကျေးရွာရန်ပုံငွေ ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးမှ အမှာစကားပြောကြားခဲ့ပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဒေါက်တာဇာနည်အောင်က မြစိမ်းရောင် (အသားကဏ္ဍ) ကျေးရွာရန်ပုံငွေ ပေးအပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ရန်ပုံငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးမှ ပေးအပ်ရာ ကျေးရွာရန်ပုံငွေ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လက်ခံရယူခဲ့ပြီး ကျေးရွာရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်တစ်ဦးက လက်ခံရယူခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မွေးမြုရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြိုနယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သနပ်ခုံကျေးရွာ ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြုရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြုရေးနှင့် ကုသရေးဦးစီးဌာနမှ မွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလိုသူ ကျေးလက်နေ ပြည်သူများအတွက် တစ်ပိုင်တစ်နိုင်မှသည် တစ်ရွာထုတ်ကုန် တစ်မျိုးအဆင့်ထိ ထုတ်လုပ်သွားနိုင်မည့် မြစိမ်းရောင် (အသားကဏ္ဍ) မွေးမြူရေးကျေးရွာများ ထူထောင်သွားပြီး မွေးမြူရေးလုပ်ငန်းမှ မိသားစုဝင်ငွေ တိုးတက်ရရှိသည့်အပြင် စားနပ်ရိက္ခာဖူလုံ၍ နှစ်စဥ်တစ်ဦးချင်း အသား၊ နို့၊ ဥ စားသုံးမှု တိုးတက်လာစေရန်၊ ဘဏ္ဍာငွေအရင်းအမြစ် စဉ်ဆက်မပြတ်ရရှိပြီး ကျေးရွာလည်ပတ် ရန်ပုံငွေထူထောင်နိုင်ရန် ရည်ရွယ်ပြီး
စီမံကိန်းဆောင်ရွက်မည့် ကျွဲသောင်အုပ်စု၊ သနပ်ခုံကျေးရွာအား နွားမွေးမြူရေးဆောင် ရွက်ရန် အရင်းမပျောက်လည်ပတ်ရန်ပုံငွေအဖြစ် ငွေကျပ်သိန်း (၃၀၀) အား ထုတ်ပေးခဲ့ကြောင်း မွေးမြုရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
မန်းကျော် (ပြန်/ဆက်)