ညောင်တုန်း နိုဝင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ကျင်းပပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်နှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးမိုးလှိုင်တို့က Talk Show ကျင်းပရခြင်း ရည်ရွယ်ချက်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် လုပ်ငန်း တာဝန်များ၊ သဘာဝဘေးအမျိုးအစားများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းနှင့် ဆောင်ရန် ရှောင်ရန်များ၊ လေပြင်းဘေးအန္တရာယ်အတွက် ဆုံးရှုံးမှုသက်သာစေရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် အချက်များ၊ မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန အနေဖြင့် ထောက်ပံ့ပေးအပ်မှုများစသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးအကြောင်း အရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show အစီအစဉ်အား ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် မြို့နယ်ပြည်သူ့ စာကြည့်တိုက် Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
ထက်ဝေဖြိုး(ပြန်/ဆက်)