မယ်စဲ့ နိုဝင်ဘာ ၂၅
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့ရွာများဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ စစ်ကြောင်းကြီးငါးကြောင်းပါဝင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက မယ်စဲ့မြို့ သိရိမင်္ဂလာရတနာသုခ(မြို့မ)ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းလတ်က ဒေသခံပြည်သူများ၏လိုလားချက်များ၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်းပြောကြားပြီး နိုင်ငံရေးအစုအဖွဲ့၊ အုပ်ချုပ်ရေးအစုအဖွဲ့၊ လူမှုရေးအစုအဖွဲ့၊ စည်းရုံးရေးအစုအဖွဲ့၊ ဒေသဖွံ့ဖြိုးရေးအစုအဖွဲ့တို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများက မြေငှားဂရန်ဆောင်ရွက်ပေးနိုင်ရေး၊ လူတိုင်းအတွက်ပညာရေး၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ပုံစံ(၁၀)အကြောင်းနှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများအကြောင်းတို့ကို ဆွေးနွေး ပြောကြားကြသည်။
ထို့နောက်တက်ရောက်လာသည့် ဒေသခံပြည်သူများက ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပညာရေးကဏ္ဍတို့ကို မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(မယ်စဲ့)