ပေါင်းတည်မြို့နယ်တွင် တောင်သူများထံသို့ဖြန့်ချိ စိုက်ပျိုးထားသော အထွက်ကောင်းစပါးခင်းများရိတ်သိမ်း

ပေါင်းတည် နိုဝင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန မျိုးသန့်ခြံမှ အထွက်ကောင်း မျိုးစပါး (RS) မျိုးစေ့များကို ဖြန့်ချီစိုက်ပျိုးထားသော တောင်သူများ၏ စပါးစိုက်ခင်းများအား ယနေ့တွင် ရိတ်သိမ်းလျက်ရှိရာ ၁ ဧကလျှင် ပျမ်းမျှ စပါးတင်း ၇၀ ကျော်ဖြင့် အထွက်ကောင်းလျက်ရှိကြောင်းနှင့် အချို့ စိုက်ကွင်းများတွင် ၁ ဧကလျင် တင်း ၁၀၀ နီးပါး ထွက်ရှိခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ မျိုးကောင်း မျိုးသန့်နှင့် အထွက်ကောင်းမျိုးများဖြင့် စိုက်ပျိုးထားသော တောင်သူစိုက်ခင်းများမှ ထွက်ရှိသော အထွက်ကောင်းစပါးအချို့ကို မျိုးစပါးအဖြစ် စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးသန့်ဌာနခွဲမှ ပြန်လည်ဝယ်ယူလျက်ရှိပြီး၊ လာမည့်နှစ် မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုတွင် ဆန်စပါးထုတ်လုပ်မှု မြင့်မားရေးအတွက် အခြားတောင်သူများသို့ စိုက်နည်းစနစ်များနှင့် အတူထပ်မံ ပြန်လည်ဖြန်ချီပေးရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးထံမှ သိရသည်။

သူရကြီး (ပြန်/ဆက်)